Pages

Showing posts with label Personal. Show all posts
Showing posts with label Personal. Show all posts

Saturday, February 2, 2013

ဟိုနားဒီနား ( ဖြူး )



ဖြစ်တတ်ပါတယ်လေ…. တစ်ခါတစ်လေတော့လည်း ကြိုတင်မစီစဉ်ထားပါပဲနဲ့ တိုက်တိုက်ဆိုင်ဆိုင် ကိုးလိုးကန့်လန့် ဖြစ်ဖြစ်သွားတာမျိုးလေးတွေ ရှိတတ်ပေမပေါ့… အဲ့လို အစီအစဉ်မကျတာကိုက ဘ၀ပဲလေ…

မနေ့က appexpo 2013 အတွက် Vinyl တွေသွားအပ်ပြီး မြောက်ဥက္ကလာကို အစောကြီးပြန်ရောက်နေရော။ အဲဒါနဲ့ လေးလုံး ကိုဝင်ခေါ်ပြီး လက်ဖက်ရည်ဆိုင်သွားဖို့ စဉ်းစားမိတာနဲ့ ဧရာထိပ်မှာ ဆင်းတာနဲ့ ဖုန်းခေါ်လိုက်တာ၊ စလင်း နဲ့ မြို့ပြင်ရောက်နေတယ်ပြောတာနဲ့ ကိုယ့်ဘာသာပြန်တော့မယ်ဆိုပြီး ပြန်လာတာကို စလင်းက ဖုန်းဆက်ပြီး မန္တလေး အမြန်လမ်းမထိပ်ကို လာခဲ့ဖို့ လှမ်းခေါ်ပါလေရော။ အစကတော့ ငြင်းသေးတယ်၊ သွားရမယ့် နေရာကလည်း မြို့ပြင်ထိဆိုတော့ အဝေးကြီးပဲလေ… အဲ့ဒါကို သကောင့်သားက တက္ကစီနဲ့လာခဲ့ သူ ကားခ တစ်ဝက်ပေးမယ်ဆိုပြီး အသည်းအသန်ကြီး ခေါ်နေလေတော့ လာခဲ့မယ်ဆိုပြီး ကားငှားပြီး လိုက်သွားလိုက်ရော….

Wednesday, November 21, 2012

Stress (သို့) နိုဝင်ဘာ ၂၀၁၂



စာရေးချင်နေတာကြာပြီ၊ ရေးစရာအကြောင်းကလည်း ရှာမရ၊ မယ်မယ်ရရ တစ်ခုမှမရှိဆိုတော့ ဘာရေးလို့ရေးရမှန်းမသိအောင်ဖြစ်နေတာလည်း တော်တော်ကြာနေပြီ။ အခု ဒီရက်ပိုင်းမှာ သိသိသာသာကြီး ပိန်သွားတယ် (ပိန်သွားတယ်ဆိုတော့ အရင်က၀တယ် ထင်နေဦးမယ်၊ ပိုပိန်သွားတာကိုပြောတာ) ။ စိတ်ဖိစီးမှုများလို့ထင်တာပဲ၊ နို့ပေမယ့် ဘာကြောင့်စိတ်ဖိစီးမှုများတာလဲ ဆိုတော့လည်း လောက်လောက်လားလား ပြစရာဘာမှမရှိ၊ အလုပ်ကြောင့်လား၊ စီးပွားရေးလား၊ အိမ်တွင်းရေးလား၊ မေတ္တာရေးလား ဒါမှမဟုတ် အဲဒါတွေအကုန်လုံးကြောင့်လား၊ ဖြစ်နိုင်တယ် အားလုံးနည်းနည်းစီတော့ ပါဝင်ပတ်သက်နေမှာပဲ။ ဘာဖြစ်လို့ဖြစ်မှန်းမသိ ဖြစ်နေတဲ့ ကိုယ့်ကိုယ်ကို အခုလိုမျိုးစာတွေချရေးပြီး ဖွင့်ထုတ်လိုက်ချင်တာ။

Tuesday, July 31, 2012

ဖေဖေ



ကျွန်တော်မှတ်မိသမျှကတော့ ကျွန်တော့်အသက် ၅နှစ်၊ ၆နှစ် လောက်မှာ ဖေဖေ့ရဲ့ဖိနပ်၊ အတိအကျပြောရရင် ဘီအမ်တွမ်တီးလို့ခေါ်တဲ့ ရာဘာဖိနပ်ပေါ့… အဲဒီ့ဖေဖေ့ဖိနပ်ကို ယူစီးကြည့်ခဲ့ဖူးတယ်။ ကျွန်တော့်အသက်ငယ်ငယ်လေးဆိုတော့ ဖိနပ်ကအကြီးကြီးပေါ့၊ ဒါပေမယ့် ကျွန်တော် အဲဒီ့ ဖေဖေ့ဖိနပ်ကို ယူယူစီးရတာ အရမ်းသဘောကျတယ်။ လူကြီးတွေကပြောတယ် ချော်လဲမယ် ဘာညာပေါ့ ဒါပေမယ့် ကျွန်တော် အဲဒီ့ဖေဖေ့ဖိနပ်ကို ခဏခဏ ခိုးစီးတယ်။ ဖေဖေ့ဖိနပ်နံပါတ်က ၈၊ တစ်ခါတစ်လေ ၈ခွဲလည်း စီးတယ်။ ကျွန်တော်နဲ့ဆိုရင် အဲဒီ့ဖိနပ်က အရမ်းကြီးနေတာပေါ့… ဒါပေမယ့် ကျွန်တော်ကြိုက်တယ်၊ ကျွန်တော်အားကျတယ်၊ ငါလည်းတစ်နေ့ကျရင် ဖေဖေ့လိုဖိနပ် စီးကိုစီးမယ်လို့ ………