လူပြိန်းအချို့ကပြောတယ်
ဘ၀မှာ တစ်ခါတော့
အခွင့်အရေးပေါ်လာတတ်ပါတယ်
…
ဒီမှာ ကိုလူပြိန်းတို့ရေ
ဘာကိစ္စ အခွင့်အရေးဆိုတဲ့ကောင်က
နှစ်ခါမလာရတာတုန်း
…
ကျုပ်က ကြေးစားဆိုတာကိုတောင်
ငွေဝယ်ကျွန်လို့
ဘာသာပြန်ချင်တဲ့ကောင်
ဟုတ်တယ် မေမေ
မေမေ့သားက
ပထမတိုင်းနဲ့
လွဲနေခဲ့တာ ။ ။
ထီဧလွင်
၎ရက် ဖေဖေါ်ဝါရီ၊ ၂၀၁၄