Pages

Tuesday, February 11, 2014

ငပျင်း



လူပြိန်းအချို့ကပြောတယ်
ဘ၀မှာ တစ်ခါတော့
အခွင့်အရေးပေါ်လာတတ်ပါတယ် …
ဒီမှာ ကိုလူပြိန်းတို့ရေ
ဘာကိစ္စ အခွင့်အရေးဆိုတဲ့ကောင်က
နှစ်ခါမလာရတာတုန်း …
ကျုပ်က ကြေးစားဆိုတာကိုတောင်
ငွေဝယ်ကျွန်လို့ ဘာသာပြန်ချင်တဲ့ကောင်
ဟုတ်တယ် မေမေ
မေမေ့သားက
ပထမတိုင်းနဲ့ လွဲနေခဲ့တာ ။      

ထီဧလွင်
၎ရက် ဖေဖေါ်ဝါရီ၊ ၂၀၁၄

No comments: