Pages

Saturday, February 2, 2013

ဟိုနားဒီနား ( ဖြူး )



ဖြစ်တတ်ပါတယ်လေ…. တစ်ခါတစ်လေတော့လည်း ကြိုတင်မစီစဉ်ထားပါပဲနဲ့ တိုက်တိုက်ဆိုင်ဆိုင် ကိုးလိုးကန့်လန့် ဖြစ်ဖြစ်သွားတာမျိုးလေးတွေ ရှိတတ်ပေမပေါ့… အဲ့လို အစီအစဉ်မကျတာကိုက ဘ၀ပဲလေ…

မနေ့က appexpo 2013 အတွက် Vinyl တွေသွားအပ်ပြီး မြောက်ဥက္ကလာကို အစောကြီးပြန်ရောက်နေရော။ အဲဒါနဲ့ လေးလုံး ကိုဝင်ခေါ်ပြီး လက်ဖက်ရည်ဆိုင်သွားဖို့ စဉ်းစားမိတာနဲ့ ဧရာထိပ်မှာ ဆင်းတာနဲ့ ဖုန်းခေါ်လိုက်တာ၊ စလင်း နဲ့ မြို့ပြင်ရောက်နေတယ်ပြောတာနဲ့ ကိုယ့်ဘာသာပြန်တော့မယ်ဆိုပြီး ပြန်လာတာကို စလင်းက ဖုန်းဆက်ပြီး မန္တလေး အမြန်လမ်းမထိပ်ကို လာခဲ့ဖို့ လှမ်းခေါ်ပါလေရော။ အစကတော့ ငြင်းသေးတယ်၊ သွားရမယ့် နေရာကလည်း မြို့ပြင်ထိဆိုတော့ အဝေးကြီးပဲလေ… အဲ့ဒါကို သကောင့်သားက တက္ကစီနဲ့လာခဲ့ သူ ကားခ တစ်ဝက်ပေးမယ်ဆိုပြီး အသည်းအသန်ကြီး ခေါ်နေလေတော့ လာခဲ့မယ်ဆိုပြီး ကားငှားပြီး လိုက်သွားလိုက်ရော….