Pages

Wednesday, July 24, 2013

အနာ

လောကဓံဆိုတာကို
ခေါင်းနဲ့ ပစ်ဆောင့်လိုက်တယ်
မကျွတ်မလွတ်နိုင်သေးတဲ့ အိပ်မက်တွေ သာဓုခေါ်ကြစေတော့ …
အရှုံးနဲ့ရေးရတဲ့ သမိုင်းက ပိုဇာတ်နာလို့
အငြိုးတွေသာ မှတ်တိုင်စိုက်နိုင်ခဲ့
ခါးတယ်လို့ မညည်းနိုင်ရုံ အသက်ရှူချောင်ခဲ့တယ် ။

ည အိပ်မရသေးတဲ့လူ
ဂွတ်မောနင်းလည်း မဆိုနိုင်တော့
မျက်နှာမသစ်ဖြစ်တဲ့ငါ့ကို
ဒီတစ်နေ့ခင်းတော့ ခွင့်လွှတ်ပါ ။

တစ်သားတည်းမကျသေးတဲ့ ဆန္ဒတွေ
သိက္ခာနဲ့လည်း ထိန်းမထားနိုင်တဲ့နောက် …
ကိုယ့်ကိုယ်ကို ပြန်ကောက်ဖို့တောင် ခပ်ရွံ့ရွံ့ရယ် ...
မျှော်လင့်ခြင်းဆိုတာ မူးယစ်ဆေးတစ်မျိုးပါ ။

ထီဧလွင်

၂၁ရက် ၊ ဂျူလိုင် ၊ ၂၀၁၃