Pages

Tuesday, July 31, 2012

ဖေဖေ



ကျွန်တော်မှတ်မိသမျှကတော့ ကျွန်တော့်အသက် ၅နှစ်၊ ၆နှစ် လောက်မှာ ဖေဖေ့ရဲ့ဖိနပ်၊ အတိအကျပြောရရင် ဘီအမ်တွမ်တီးလို့ခေါ်တဲ့ ရာဘာဖိနပ်ပေါ့… အဲဒီ့ဖေဖေ့ဖိနပ်ကို ယူစီးကြည့်ခဲ့ဖူးတယ်။ ကျွန်တော့်အသက်ငယ်ငယ်လေးဆိုတော့ ဖိနပ်ကအကြီးကြီးပေါ့၊ ဒါပေမယ့် ကျွန်တော် အဲဒီ့ ဖေဖေ့ဖိနပ်ကို ယူယူစီးရတာ အရမ်းသဘောကျတယ်။ လူကြီးတွေကပြောတယ် ချော်လဲမယ် ဘာညာပေါ့ ဒါပေမယ့် ကျွန်တော် အဲဒီ့ဖေဖေ့ဖိနပ်ကို ခဏခဏ ခိုးစီးတယ်။ ဖေဖေ့ဖိနပ်နံပါတ်က ၈၊ တစ်ခါတစ်လေ ၈ခွဲလည်း စီးတယ်။ ကျွန်တော်နဲ့ဆိုရင် အဲဒီ့ဖိနပ်က အရမ်းကြီးနေတာပေါ့… ဒါပေမယ့် ကျွန်တော်ကြိုက်တယ်၊ ကျွန်တော်အားကျတယ်၊ ငါလည်းတစ်နေ့ကျရင် ဖေဖေ့လိုဖိနပ် စီးကိုစီးမယ်လို့ ………

Tuesday, July 24, 2012