Pages

Tuesday, October 16, 2012

ဝေဒနာသည်


တစ်စုံတစ်ခု ကိုရှာဖွေရင်းနဲ့
ငါ့ကိုယ်ငါ ပျောက်ဆုံးသွား...
ပုံသွင်းထားတဲ့ နှလုံးသားက မြင်ဖူးနေကြပုံစံမဟုတ်ဘူး ။

အေးစက်မာကျောတဲ့ မနက်ခင်းများ
ပြင်းထန်စူးရှတဲ့ နေ့လည်ခင်းများ
အဓိပ္ပါယ်ကောက်လွဲခဲ့ကြဖူးတဲ့.....
ယုတ္တိမတန်တဲ့ ညနေခင်းများ .............
တကယ်တော့ စစ်မှန်တယ်ဆိုတာက ကဗျာမဆန်တတ်ဘူး
တကယ်တော့ စစ်မှန်တယ်ဆိုတာက အိပ်မက်မဆန်တတ်ဘူး
တကယ်တော့............
ကျွန်တော်တို့တွေဟာ ကိုယ့်ကိုယ်ကို ပျောက်ဆုံးနေခဲ့ကြတာ....
တကယ်တော့ ဆိုတာကလည်း အမြဲတမ်း တကယ်မဟုတ်ဘူး ။

ဒီလိုပဲ............
ပုံသွင်းထားတဲ့ နှလုံးသားကလည်း မြင်ဖူးနေကြပုံစံမဟုတ်ဘူး ။

ထီဧလွင်