ဖြစ်တတ်ပါတယ်လေ….
တစ်ခါတစ်လေတော့လည်း ကြိုတင်မစီစဉ်ထားပါပဲနဲ့ တိုက်တိုက်ဆိုင်ဆိုင် ကိုးလိုးကန့်လန့်
ဖြစ်ဖြစ်သွားတာမျိုးလေးတွေ ရှိတတ်ပေမပေါ့… အဲ့လို အစီအစဉ်မကျတာကိုက ဘ၀ပဲလေ…
မနေ့က
appexpo 2013 အတွက် Vinyl တွေသွားအပ်ပြီး မြောက်ဥက္ကလာကို အစောကြီးပြန်ရောက်နေရော။ အဲဒါနဲ့
လေးလုံး ကိုဝင်ခေါ်ပြီး လက်ဖက်ရည်ဆိုင်သွားဖို့ စဉ်းစားမိတာနဲ့ ဧရာထိပ်မှာ ဆင်းတာနဲ့
ဖုန်းခေါ်လိုက်တာ၊ စလင်း နဲ့ မြို့ပြင်ရောက်နေတယ်ပြောတာနဲ့ ကိုယ့်ဘာသာပြန်တော့မယ်ဆိုပြီး
ပြန်လာတာကို စလင်းက ဖုန်းဆက်ပြီး မန္တလေး အမြန်လမ်းမထိပ်ကို လာခဲ့ဖို့ လှမ်းခေါ်ပါလေရော။
အစကတော့ ငြင်းသေးတယ်၊ သွားရမယ့် နေရာကလည်း မြို့ပြင်ထိဆိုတော့ အဝေးကြီးပဲလေ… အဲ့ဒါကို
သကောင့်သားက တက္ကစီနဲ့လာခဲ့ သူ ကားခ တစ်ဝက်ပေးမယ်ဆိုပြီး အသည်းအသန်ကြီး ခေါ်နေလေတော့
လာခဲ့မယ်ဆိုပြီး ကားငှားပြီး လိုက်သွားလိုက်ရော….
အဲ့မှာစပြီး ငါးပါးမှောက်တာပဲ။ နေ့လည်စာ မစားရသေးဘူးလို့ ဖုန်းဆက်ကတည်းကကြိုပြောထားလေတော့ သူက ဟိုမှာ မုန့်ထုတ်တွေဝယ်ပြီးကို စောင့်နေတာ။ ကိစ္စကတော့ သူ့ကားနဲ့ အော်ဒါရလို့ အိမ်ပြောင်းတဲ့ ပစ္စည်းတွေကို ရွှေ့ဖို့သယ်လာတာတဲ့။ ပြီးတော့ သွားမယ့်နေရာက ဖြူးတဲ့ဗျာ… အဲ့အနားကိုရောက်နေတာနဲ့ မထူးတော့ပါဘူးဆိုပြီး ကဲ…. လိုက်မယ်ကွာ ဆိုပြီး ဆုံးဖြတ်လိုက်ရတော့တာပေါ့။ နောက်ပြီး ဖြူး ဆိုတာကလည်း သိပ်မဝေးလှပါဘူး အသွားအပြန်ငါးနာရီလောက်ပဲ ကြာမှာဆိုတော့ ကိစ္စမရှိ၊ အိမ်ကို ပုံမှန်ရုံးဆင်းချိန် ပြန်ရောက်လောက်ပါတယ်ဆိုပြီး လိုက်သွားလိုက်ပါတယ်။
အဲ့မှာစပြီး ငါးပါးမှောက်တာပဲ။ နေ့လည်စာ မစားရသေးဘူးလို့ ဖုန်းဆက်ကတည်းကကြိုပြောထားလေတော့ သူက ဟိုမှာ မုန့်ထုတ်တွေဝယ်ပြီးကို စောင့်နေတာ။ ကိစ္စကတော့ သူ့ကားနဲ့ အော်ဒါရလို့ အိမ်ပြောင်းတဲ့ ပစ္စည်းတွေကို ရွှေ့ဖို့သယ်လာတာတဲ့။ ပြီးတော့ သွားမယ့်နေရာက ဖြူးတဲ့ဗျာ… အဲ့အနားကိုရောက်နေတာနဲ့ မထူးတော့ပါဘူးဆိုပြီး ကဲ…. လိုက်မယ်ကွာ ဆိုပြီး ဆုံးဖြတ်လိုက်ရတော့တာပေါ့။ နောက်ပြီး ဖြူး ဆိုတာကလည်း သိပ်မဝေးလှပါဘူး အသွားအပြန်ငါးနာရီလောက်ပဲ ကြာမှာဆိုတော့ ကိစ္စမရှိ၊ အိမ်ကို ပုံမှန်ရုံးဆင်းချိန် ပြန်ရောက်လောက်ပါတယ်ဆိုပြီး လိုက်သွားလိုက်ပါတယ်။
အသွားတုန်းကတော့
အမြန်လမ်းမပေါ်မှာဆိုတော့ သိပ်မသိသာဘူး ကိုယ့်ကားတစ်စီးတည်း သွားနေတဲ့ အချိန်ကတော့ မြန်သလိုလိုတော့
ရှိသား။ နောက်မှ ဘေးက မိုင်တိုင်တွေကြည့်တော့မှ ကိုယ်တွေစီးနေတဲ့ကားက သွားနေတာ တစ်နာရီ
မိုင်သုံးဆယ်နှုန်းလောက်ဖြစ်နေတော့ ဒီပုံအတိုင်းဆို အသွားတင်ပဲ ငါးနာရီလောက်ကြာမယ်ဆိုတာသိလိုက်ပြီ။
အဲ…. ဒါနဲ့ စကားမစပ် ၄၆ မိုင်လောက်မှာ ကျောင်းဆရာမလေး တစ်ယောက်နဲ့ ကလေး ၄ ယောက်ကို
လမ်းကြုံတင်လာခဲ့သေးတယ်၊ အဝေးကြီးတော့မဟုတ်ပါဘူး ၄၈ မိုင်ထိပဲ… ဒီလိုနဲ့ပဲ ကားကပူလာလို့
ရပ်လိုက် မောင်းလိုက်နဲ့ သွားလိုက်တာ မိုင် ၁၀၀ ရောက်တော့ လမ်းမှာတွေ့တဲ့ အမျိုးသမီး
နှစ်ယောက်ကို ဖြူးကိုဖြတ်ဝင်တဲ့ လမ်းကိုမေးတော့ သူတို့က နောက်မှာကျန်ခဲ့ပြီ ဂငယ်ကွေ့လည်း
ပြန်ကွေ့မရတော့ ရှေကိုဆက်သွားပြီးမှ ကွေ့လို့ရတဲ့ နေရာကနေ ပြန်ကွေ့ပြီး ပြန်လာဖို့ပြောတယ်။
ဘယ်ရမလဲ ကိုယ်တွေရဲ့ ကားဆရာကလည်း နောက်ပြန်ဆုတ်ပြီး သွားမယ်ဆိုပြီးသွားလိုက်တာ ဆယ်မိနစ်လောက်ကြာတော့
အဲဒီ့ လမ်းခွဲကိုရောက်ပါလေရော၊ အနားက ဆိုက်ကယ်ကယ်ရီတွေကို မေးကြည့်တော့ ဒီလမ်းက ကညွှတ်ကွင်းကိုဝင်တဲ့လမ်းတဲ့၊
ဒီကနေသွားရင် ဖြူးကို တော်တော်မောင်းရမှာလို့ပြောတယ်။ ၁၁၅ မိုင်ထိသွားရမယ်ပြောတယ်၊
ဟုတ်တယ် ကျွန်တော် နေပြည်တော်ကိုသွားတုန်းကလည်း ၁၁၅ မိုင်က ဖြူးဆိုတာသိထားတော့ ၁၁၅
မိုင်မှ ကွေ့ရမယ်လို့ထင်ထားတာ။ ဒါပေမယ့် ပါလာတဲ့ ခရီးသည်က မဟုတ်ဘူး အဲ့အထိမရောက်ဘူးဆိုတော့မှ
ဆိုက်ကယ်ကယ်ရီတွေက ဒါဆို ၁၀၅ မိုင်ကျရင် ဖြူးကိုဝင်လို့ရတဲ့ လမ်းရှိသေးတယ် ၁၀၅ မိုင်
၇ ဖာလုံမှာ ကွေ့လို့ရတယ်ဆိုတော့ ၁၀၅ မိုင်ထိဆက်သွားကြရပြန်ရော၊ ၁၀၅ မိုင်ရောက်တော့
ဟုတ်တယ် လမ်းရှိတယ်၊ အဲ့ကနေကွေ့ပြီး မိနစ်နှစ်ဆယ်လောက်မောင်းတော့မှ ဟိုက်ဝေးလမ်းဟောင်း
ပေါ်ကိုရောက်တယ် အဲ့မှာတင် ၅နာရီခွဲနေပြီ ရန်ကုန်ကစထွက်လာတာက ၂နာရီလောက်ကထွက်လာကြတာ။
ဒါနဲ့ အဲဒီ့ကနေ နောက်ထပ် ၁၅ မိနစ်လောက်ထပ်မောင်းတော့ ညောင်ပင်သာဆိုတဲ့ ရွာကိုရောက်တယ်။
ကျွန်တော်တို့က အဲ့ဒီ့ရွာကိုလာတာပဲလို့ထင်ထားကြတာ၊ ရွာထဲကိုဝင်ရတာတင် ၁၀ မိနစ်လောက်ထပ်ကြာတယ်။
အဲ့ရွာအစွန်လောက်ရောက်တော့ ကားကမုန့်ဆိုင်လေး တစ်ဆိုင်ရှေ့မှာ ရပ်လိုက်ကော…. ရောက်ပြီလို့
ထင်ကြတာ၊ ဘယ်ဟုတ်မလဲ ကွမ်းဝယ်တာတဲ့ဗျာ… တကယ်သွားမယ့် ရွာက နောက်ထပ်လေးမိုင်လောက်လိုသေးတယ်တဲ့၊
ဒါတောင် အဲ့မုန့်ဆိုင်က အဘိုးတစ်ယောက်က မဝေးတော့ပါဘူး ဟိုရှေ့က တစ်ညိုဆို ရောက်ပြီတဲ့
ဟုတ်တော့ဟုတ်တယ် ညိုနေတာတော့ အမှန်ပဲ…. ဘာမှကိုမမြင်ရတာ၊ အဲဒါနဲ့ ဗိုက်ဆာမှာစိုးလို့ဆိုပြီး
အဲ့မုန့်ဆိုင်လေးမှာပဲ လေးလုံး နဲ့ စလင်းတို့က ဘာမုန့်လို့ခေါ်မှန်းမသိတဲ့ မုန့်တစ်ထုတ်ဝယ်ပြီး
ခရီးဆက်ကြပြန်ရော၊ လေးမိုင်သာ ဆိုတယ် လမ်းက ကျောက်ကြမ်းလမ်းကြီးဆိုတော့ နာရီဝက်လောက်
မောင်းရတယ်ဗျာ၊ အဲ့ရွာနာမည်က အင်ပင်သာ ဆိုလား မသိဘူး၊ အဲဒီ့ကိုရောက်တော့ ၆ နာရီ တော်တော်ကျော်နေပြီ၊
ဒါနဲ့ ပစ္စည်းတွေမြန်မြန်ချပြီး အိမ်ကိုအကျိုးအကြောင်းလှမ်းပြောဖို့ ဖုန်းဆက်လို့ရမယ့်
နေရာရှာရပြန်ရော၊ ကျွန်တော်တို့ သုံးယောက်လုံးမှာပါလာတဲ့ ဖုန်းတွေက စီဒီအမ်အေ ၈၀၀ မဂ္ဂါဟက်ဇ်
တွေဆိုတော့ အဲ့မှာ လုံးဝလိုင်းမမိဘူး၊ ဒါနဲ့ ကျွန်တော်တို့နဲ့လိုက်လာတဲ့ ခရီးသည်ကလိုက်ပြတဲ့
အိမ်မှာ ဖုန်းဆက်ရတာပေါ့၊ အမှန်အတိုင်း မပြောရဲတော့ ဖောရှောလုပ်ရတာပေါ့၊ နောက်ကျမယ်
ဘာညာနဲ့ပေါ့ဗျာ… အဲ့ဒါနဲ့ ပြီးတော့ ပြန်ကြမယ် ဆိုပြီး စမောင်းကြတာပေါ့၊ အဲ့ အင်ပင်သာဆိုတဲ့
ရွာက မီးမရှိဘူးဗျ… တော်တော်ကို မှောင်နေပြီ၊ ကျွန်တော် တွက်ကြည့်လိုက်တာ ကိုးနာရီ
ကျော်ကျော် ဆယ်နာရီလောက်မှ ပြန်ရောက်တော့မယ်ဆိုပြီး အိမ်ကို ဘယ်လိုပြောရမလဲ စဉ်းစားနေတုန်း၊
ဒရိုင်ဘာက လမ်းဟောင်းကပဲပြန်မယ်တဲ့၊ လမ်းသစ်မှာ ကားမတော်တဆပျက်သွားရင် အကူအညီမရမှာစိုးလို့တဲ့၊
နောက်ပြီး ရန်ကုန်လိုက်မယ့် အော်ဒါလေးရခဲ့ရင် ဆီဖိုး အပိုရတယ်ဆိုပြီး ပြောလာရော၊ ဒါနဲ့
လမ်းဟောင်းကပြန်မယ်ဆိုပြီး ဆုံးဖြတ်လိုက်ကြတယ်ပေါ့ဗျာ…
ကံဆိုးချင်လေတော့
အင်ပင်သာကနေ ညောင်ပင်သာကိုရောက်တဲ့အထိဘာမှ ပြဿနာမရှိသေးဘူး၊ အဲ… ညောင်ပင်သာကနေ ဟိုက်ဝေးပေါ်ပြန်တက်ဖို့က
သံလမ်းတစ်ခုကို ဖြတ်ရမယ်၊ အဲဒီ့သံလမ်းက ည ၆ နာရီကနေ မနက် ၆ နာရီထိပိတ်တယ်တဲ့… သော့ခတ်ပြီးတော့ကိုပိတ်တာ၊
အဲ့နားမှာတင် လည်နေတာ နာရီဝက်ကျော်ကျော်လောက်ရှိမယ်၊ နောက်တော့ တစ်ယောက်ကလမ်းညွှန်လို့
လေးလမ်းဆိုလား အဲ့ကနေပြီးတော့ လမ်းပေါ်ကိုပြန်တက်ရတယ်။ လမ်းပေါ်ရောက်တော့ ၈နာရီ ထိုးခါနီးနေပြီ၊
အသေအကြေ မောင်းရတော့တာပေါ့၊ ဒါနဲ့ ကျွန်တော်က ကားဆရာရော၊ ဟိုနှစ်ကောင်ရော ဗိုက်ဆာပြီလား
ဆိုတော့ မဆာသေးဘူးတဲ့၊ ကျွန်တော်က ဒိုက်ဦးရောက်မှစားကြတာပေါ့ ဆိုတော့ အားလုံးသဘောတူကြတယ်၊
ကျွန်တော့် ရည်းစားက ဒိုက်ဦးမှာနေတာလေ၊ ဒိုက်ဦးရောက်ရင်တော့ ဖုန်းဆက်ပြီး ခဏလောက်ထွက်တွေ့ဖို့
ပြောမယ်လို့ စဉ်းစားထားတာ၊ ဒိုက်ဦးကို ရောက်တော့ ကိုးနာရီ တိတိ၊ ဖြစ်ချင်တော့ ဒိုက်ဦးမှာ
မီးပျက်နေတယ်၊ လမ်းနာမည်တွေလည်း မမြင်ရတော့ ဘယ်နားရောက်နေမှန်းကိုမသိဘူး။ မောင်းလိုက်တာ
ဒိုက်ဦးကတောင် ပြန်ထွက်တော့မယ်၊ ဒါနဲ့ မဖြစ်ချေဘူးဆိုပြီး မြို့ပြင်ထွက်ခါနီးက ရွှေဟင်္သာ
ဆိုတဲ့ ဆိုင်မှာ နားလိုက်ကြတယ်။ အဲ့မှာ သူ့ဆီကို ဖုန်းဆက်တော့ မအားဘူးပြောလိုက်၊ မကိုင်လိုက်
နဲ့ တော်တော်ကြာတယ်။ ကိုင်ပြန်တော့လည်း အသံက သူ့အသံမဟုတ်ဘူး၊ အဲဒါနဲ့ပဲ ဘာမှမပြောပဲနဲ့
ဒိုက်ဦးကနေ ကိုးနာရီခွဲမှာ ပြန်ထွက်ခဲ့ကြရော၊ ဩော် ဒါနဲ့ ဒိုက်ဦးမ၀င်ခင်မှာ ပဲခူးကို
လမ်းကြုံလိုက်ချင်လို့ ဆိုပြီး လူတစ်ယောက် တောင်းတစ်တောင်းနဲ့ လိုက်လာသေးတယ်၊ စလင်းကတော့
ဆီဖိုးရတော့မယ်ဆိုပြီး ပျော်နေတာ… တကယ်တမ်းကျတော့ ဟိုလူက သူ့မှာ ခုနစ်ရာပဲရှိတော့တယ်
ဆိုပြီး ခုနစ်ရာပဲပေးသွားတယ်… အဲ…… ဒိုက်ဦးကနေ
မောင်းလာလိုက်တာ၊ လမ်းရောက်တော့ ဖုန်းလိုင်းပြန်ရပြီး ဟိုလူဆက်၊ဒီလူဆက်နဲ့ ကျွန်တော်
ဖြူးကိုလာတာ အိမ်ကသိသွားရော… အိမ်ပြန်ရောက်တော့ ၁၂ နာရီထိုးနေပြီ။ ၁၂ နာရီခွဲလောက်ထိ
ဖေဖေနဲ့ မေမေနဲ့ ဆူသမျှကို ငြိမ်ပြီးနားထောင်ရတယ်၊ မငြိမ်လို့လည်း မရဘူးလေ ကိုယ်က လိမ်ပြောလိုက်တာကိုး….
ဖေဖေနဲ့ မေမေကတော့ လိမ်ပြောလို့ပဲ ဆူတာပါ။ ၁၂ နာရီခွဲကျတော့ ဘယ်လိုမှ ဟန်မဆောင်နိုင်တော့တာနဲ့
အိပ်ရာထဲဝင်ခဲ့ရတော့တယ်…..
ဘာရယ်တော့
မဟုတ်ပါဘူး ဟိုနားဒီနား ဆိုပြီး သွားလိုက်တာ ဖြူးအထိရောက်ပါတယ် ဆိုတဲ့အကြောင်းလေး ပြောချင်တာပါ။
အဖော်ကောင်းရင် ကျောက်ပန်းတောင်းထိပါတယ် ဆိုတာလေးတောင် သွားသတိရမိသေး….
No comments:
Post a Comment