Pages

Tuesday, February 11, 2014

ပြိန်း



ကိုယ်ဟာ ကိုယ်နဲ့များ
လွဲချော်နေခဲ့ရော့သလား
အစေးမကပ်လိုက်ပုံက
ညတောင် ညမဆန်ဘူး ၊
အ၀ိဇ္ဇာခပ်ကျဲကျဲနဲ့ ဒုက္ခကိုဆေးဆိုးထား
ဖြတ်သန်းမှုမှာ တစ်ခုမှမခမ်းနားခဲ့တာတောင်
လက်မထောင်ချင်တဲ့ကောင် …
ဘီအမ်ဒဗလျူကို သိတယ်
ဟာဝိုင်အီကို သိတယ်
စတိဗ်ဂျော့ကို သိတယ်
ကိုယ့်ကိုယ်ကို သိတယ် …
သူရဲကောင်း သိပ်မဆန်ဖြစ်တဲ့အကြောင်းက
ဒီဘက်ခေတ်မှာ ဗရူးတပ်စ်တွေ သိပ်ပေါတယ် ။


ထီဧလွင် ~ ဇန်န၀ါရီ ၁၈၊ ၂၀၁၄
(COO PAPER eMagazine ~ February, 2014) 
 

No comments: