Pages

Showing posts with label Technology. Show all posts
Showing posts with label Technology. Show all posts

Monday, August 20, 2012

Youths are Future


တနင်္ဂနွေနေ့က MICTDC မှာလုပ်ခဲ့တဲ့ Mobile Brain Storming Workshop ကိုသွားခဲ့တယ်။ စနေနေ့ညက မိုးအသားကုန် ရွာထားတာကြောင့် ရန်ကုန်မြို့နေရာတော်တော်များများမှာ ရေလျှံနေကြတယ်လေ။ အဲဒီတော့ ပွဲကိုလာတဲ့လူက မှန်းထားတာထက်နည်းတဲ့ပုံပါပဲ၊ ဘာလို့ဆိုတော့ ခုံတွေလည်း တော်တော်များများ လွတ်နေတယ်၊ နောက်ပြီး မုန့်တွေ၊ ရေဘူးတွေလည်း အများကြီးပိုတယ်။ အဲဒါကိုကြည့်ရင် မှန်းထားတဲ့လူထက် လာတဲ့လူနည်းတယ်လို့ သိနိုင်ပါတယ်။ ထားပါတော့ အဓိကပြောချင်တာက အဲဒါမဟုတ်ဘူး။ ရာသီဥတုအကြောင်းပြောရအောင်လည်း ကိုယ်က ဘာမှသိတာမဟုတ်ဘူး။ ပွဲက လူနည်းပေမယ့် Workshop ဆိုတော့ တစ်ဦးနဲ့တစ်ဦး ပြောကြတာ အတော်လေးနားထောင်ကောင်းပါတယ်။