Pages

Monday, August 20, 2012

Youths are Future


တနင်္ဂနွေနေ့က MICTDC မှာလုပ်ခဲ့တဲ့ Mobile Brain Storming Workshop ကိုသွားခဲ့တယ်။ စနေနေ့ညက မိုးအသားကုန် ရွာထားတာကြောင့် ရန်ကုန်မြို့နေရာတော်တော်များများမှာ ရေလျှံနေကြတယ်လေ။ အဲဒီတော့ ပွဲကိုလာတဲ့လူက မှန်းထားတာထက်နည်းတဲ့ပုံပါပဲ၊ ဘာလို့ဆိုတော့ ခုံတွေလည်း တော်တော်များများ လွတ်နေတယ်၊ နောက်ပြီး မုန့်တွေ၊ ရေဘူးတွေလည်း အများကြီးပိုတယ်။ အဲဒါကိုကြည့်ရင် မှန်းထားတဲ့လူထက် လာတဲ့လူနည်းတယ်လို့ သိနိုင်ပါတယ်။ ထားပါတော့ အဓိကပြောချင်တာက အဲဒါမဟုတ်ဘူး။ ရာသီဥတုအကြောင်းပြောရအောင်လည်း ကိုယ်က ဘာမှသိတာမဟုတ်ဘူး။ ပွဲက လူနည်းပေမယ့် Workshop ဆိုတော့ တစ်ဦးနဲ့တစ်ဦး ပြောကြတာ အတော်လေးနားထောင်ကောင်းပါတယ်။

Wednesday, August 15, 2012

သုညအနုတ်


ငါ ဆိုတာ စိတ္တဇ တစ်ကောင်ပါ….
ငါ့ညတွေ ထွက်ရပ်ပေါက်
ငါ့ဘာသာ ဘယ်ရောက်နေမှန်းမသိအောင် တုံးတယ် ။
ဘ၀ထဲက နှုတ်စရာ ဘာမှမကျန်တာတောင်
လွမ်းလို့ကောင်းတုန်း……

စိတ်ကူးတွေ ဖျော်သောက်
လေးပေမီးချောင်း အောက်မှာ
ငါ့ အိပ်မက်တွေ မခမ်းနားဘူး ။
ငါ ဆိုတာကိုက အမှောင်လေ………..

လရောင်ကို အထပ်ထပ်ကျူးရင့်
ကြယ်တွေကို တိုးတိုးလေး ညည်းလို့
ကောင်းကင်ကို သီဆို………
ငါ ဆိုတာ နဂိုကတည်းက တုံးပြီးသားပဲ ။

ဒီလိုပဲ
ငါဆိုတာ စိတ္တဇ တစ်ကောင်ရယ်ပါ………. ။



ထီဧလွင်
၁၄ရက် ဩဂုတ် ၂၀၁၂

အချစ်

အကြည့်တစ်ချက်
သိအခက်နှင့်
ငြိပတ်ခဲ့ ဝေဒနာ
ဖွေရှာရခက်ခဲ
အဖြေရှာသေချာစစ်လေတော့
ဒီဒဏ်ရာရင်အတွင်းက
စစ်စစ်ကိုက်ခဲ...... ။

ထီဧလွင်


Thursday, August 2, 2012

၁၃၇၄ ခုနှစ် ဒုတိယ ၀ါဆိုလပြည့်


ဒီနေ့တစ်နေကုန် “ဘုရားမသွားဘူးလား” လို့ အမေးခံရတာ ဘယ်နှစ်ကြိမ်မှန်းကိုမသိဘူး။ ခဏခဏဆိုတော့ စိတ်ပေါက်ပေါက်နဲ့ ပြောပစ်လိုက်တယ် “ငါက ဘုရားနဲ့ မတည့်ဘူးလို့” ……. ဘာပြန်ပြောတယ်မှတ်လဲ “မိုက်ရိုင်းလှချည်လား” တဲ့…..