Pages

Monday, January 27, 2014

ခြံစည်းရိုးနားက ည



ညဟာ သူ့အတွင်းသားကို
မြင်ရရုံ လှစ်ပြလိုက်တယ် ၊
ငါတို့ရဲ့ ဆန္ဒမှာ
ရမ္မက်မပါကြောင်း ….
အနည်းငယ် ရှင်းပြခွင့်ပြုပါ ။

တကယ်ဆို
အတောင်မစုံခင် ခဏခဏထပျံချင်တဲ့
စိတ်အစုံက လွဲလို့
ငါတို့မှာ အားအင်မရှိခဲ့ပါ …
အလကားနေရင်း ဘ၀ထဲကိုပဲ
ပြန်ချောင်းကြည့်နေရ ။
ဝင်သက်ထွက်သက်မှာ ကပ်ပါနေတဲ့
သက်ပြင်းတစ်ချက်စီကို …
ဖြည်းဖြည်းချင်း ရေတွက်ရင်း
တစ်ယောက်လုံးနဲ့ တစ်ရွာဆန်ချင်နေခဲ့ကြတာ ။

မိန်းမပျက်တစ်ယောက်လို …
ညဟာ သူ့ရဲ့ အတွင်းသားကို
လှစ်ပြလိုက်တယ် ၊
မနက်ခင်းအတွက် …
ဆန္ဒတွေ အထစ်ထစ်နဲ့ ။                  

ထီဧလွင်
နိုဝင်ဘာ ၂၁၊ ၂၀၁၃
(COO PAPER eMagazine ~ December, 2013)

No comments: