Pages

Monday, January 27, 2014

ဖြစ်စဉ်



ရှိုက်ထုတ်လိုက်တဲ့ ထွက်သက်တွေထဲ
အိပ်မက်တွေ ပါပါသွားတယ် ။     

မှန်ကင်းမဖြစ်ခဲ့တဲ့ ထင်းချောင်းများ …
အစွမ်းကုန် မြို့ပြဆန်ခဲ့ကြတယ် ၊
ကျွန်တော်တို့ခေတ်မှာ
ကျွန်တော်တို့ဟာ ဇာတ်ပို့များသာ ။        

မြင့်မြင့်ကြံရင် ရိုးရိုးကျင့်နေရုံနဲ့ သိပ်အဆင်မချောနိုင်ဘူး
မနက်ဖြန်ဆိုတာ ………..
တတ်နိုင်သမျှ မစဉ်းစားဖို့ ကောင်းတယ် ၊
ဘ၀ဆိုတာ လူနဲ့ ဟာမိုနီဖြစ်လွန်းလို့ မကောင်းတဲ့အရာ ။  

လူတွေဟာ လူတွေကို
လူတွေအတွက်ပဲ စွန့်ထုတ်ပစ်လိုက်ကြ ………
ကျွန်တော်တို့ အသက်ရှူတတ်ခဲ့ကြတယ် ၊
ကျွန်တော်တို့ အရေထူခဲ့ကြတယ် ၊
ကျွန်တော်တို့ အိပ်ရေးဝခဲ့ကြတယ် ၊
တစ်ဆက်တည်း …
ကျွန်တော်တို့ လူသားဆန်ဆန် လူဖြစ်ခဲ့ကြတယ် ။            


ထီဧလွင် 
၂၇ ရက် အောက်တိုဘာ ၂၀၁၃ 
(COO PAPER eMagazine ~ November, 2013) 

No comments: