ကန္တာရထဲ ရောက်နေတဲ့နောက်
နေရိပ်တာ ရပ်စောင့်ရကြေးဆို …
မိုးချုပ်သွားလိမ့်မယ် ။
လူစော်မနံမိတာကိုပဲ နှာခေါင်းရှုံ့ချင်ကြ
ဒီလောက် စမတ်ကျတဲ့ ခေတ်ကြီးမှာမှ
ကိုယ်က ခူယားကောင် သာသာ
(ခြေများသလောက် ခရီးမတွင်တဲ့ကောင်)
။
ဦးနှောက် မရှိတာချင်းအတူတူ
အရူးက အနေအစားချောင်တယ်
အဲဒီ့လို မဟာအတွေးအခေါ်နဲ့
ကိုယ့်ကိုယ်ကို ဆေးထိုးပစ်လိုက်ကြ
…
တစ်နေ့တစ်ခြား ကိုယ်တွေပဲ ပိုမှောင်လာတယ်
။
အမုန်းတွေ အဆုပ်လိုက်ပွင့်အာရင်း
မနက်ခင်းတွေကို စုတ်ဖြဲပစ်ကြတယ်
နေပူပူအောက်မှာ ကတုံးတစ်သိုက်
ထိပ်ကွက်ခံဖို့ စောင့်နေကြလေရဲ့ ။
ထီဧလွင်
No comments:
Post a Comment