Pages

Tuesday, February 11, 2014

လမ်းခွဲ



တိတ်ဆိတ်တယ်
ညင်သာတယ်
သိုဝှက်တယ်
ရိုးရှင်းတယ်
တစ်ခုပဲ …
ဘယ်တော့မှ ပြန်မတွေ့ကြတော့ဘူး ။    

ထီဧလွင်
၆ရက် ဖေဖော်ဝါရီ ၂၀၁၄

ပွဲဈေး



ပွဲကလည်း ပွဲ
ဈေးကလည်း ဈေး
ပွဲ နဲ့ ဈေး ပေါင်းမိလေတော့
လမ်းအလယ်လောက်ကနေ
လမ်းထိပ်ရောက်ဖို့
နာရီဝက်လောက် လျှောက်ရတယ် … ။

ထီဧလွင်
၉ရက် ဖေဖော်ဝါရီ၊ ၂၀၁၄

ငပျင်း



လူပြိန်းအချို့ကပြောတယ်
ဘ၀မှာ တစ်ခါတော့
အခွင့်အရေးပေါ်လာတတ်ပါတယ် …
ဒီမှာ ကိုလူပြိန်းတို့ရေ
ဘာကိစ္စ အခွင့်အရေးဆိုတဲ့ကောင်က
နှစ်ခါမလာရတာတုန်း …
ကျုပ်က ကြေးစားဆိုတာကိုတောင်
ငွေဝယ်ကျွန်လို့ ဘာသာပြန်ချင်တဲ့ကောင်
ဟုတ်တယ် မေမေ
မေမေ့သားက
ပထမတိုင်းနဲ့ လွဲနေခဲ့တာ ။      

ထီဧလွင်
၎ရက် ဖေဖေါ်ဝါရီ၊ ၂၀၁၄

ဂါထာ



သိပ်ကျဉ်းကြပ်တဲ့ နေ့တွေဆို
သမ္ဗုဒ္ဓေအစား နင့်နာမည်ကို
အခေါက်တစ်ထောင် ရွတ်တယ် ။         

ထီဧလွင်
ဧပြီ ၂ရက်၊ ၂၀၁၃

ပြိန်း



ကိုယ်ဟာ ကိုယ်နဲ့များ
လွဲချော်နေခဲ့ရော့သလား
အစေးမကပ်လိုက်ပုံက
ညတောင် ညမဆန်ဘူး ၊
အ၀ိဇ္ဇာခပ်ကျဲကျဲနဲ့ ဒုက္ခကိုဆေးဆိုးထား
ဖြတ်သန်းမှုမှာ တစ်ခုမှမခမ်းနားခဲ့တာတောင်
လက်မထောင်ချင်တဲ့ကောင် …
ဘီအမ်ဒဗလျူကို သိတယ်
ဟာဝိုင်အီကို သိတယ်
စတိဗ်ဂျော့ကို သိတယ်
ကိုယ့်ကိုယ်ကို သိတယ် …
သူရဲကောင်း သိပ်မဆန်ဖြစ်တဲ့အကြောင်းက
ဒီဘက်ခေတ်မှာ ဗရူးတပ်စ်တွေ သိပ်ပေါတယ် ။


ထီဧလွင် ~ ဇန်န၀ါရီ ၁၈၊ ၂၀၁၄
(COO PAPER eMagazine ~ February, 2014)